Monday, August 6, 2012

ငယ်ဘဝ အပိုင်း(၁)

        ငယ်ဘဝ...?
        ငယ်ဘဝဆို ကျနော်မှတ်မိတာ ဝိုးတဝါးပဲ။ ပျော်ခဲ့တာတွေ၊ ဝမ်းနည်းတာတွေ အများကြီးရှိခဲ့မှာပဲ။ မှတ်မိသလောက်ဆို ဝမ်းနည်းရတာတွေ ပိုများမလားပဲ။ လူတိုင်းမှာ အတိတ်ဆိုတာ ရှိမှာပဲ။ ကောင်းတဲ့အတိတ်ကော မကောင်းတဲ့အတိတ်ကော။ တချို့အတိတ်က ပြီးသွားပင်မဲ့ တချို့အတိတ်က လက်ရှိဘဝကိုပါ ခြောက်လှန့်တတ်တယ်။ အဲဒီတော့ အတတ်နိုင်ဆုံး တသက်လုံး နောင်တရမဲ့အမှား မလုပ်မိဘို့ အရေးကြီးတယ်။ ပြောမဲ့သာပြောတာ ကျနော်ကော အဲဒီလို အမှားလုပ်ခဲ့မိလားဆိုတာ ကိုယ်ကိုယ်တိုင်တောင် မသိဘူး။
        ကျနော်ငယ်ငယ်က သိတ်ဆိုးတာ။း) ပါးစပ်က တတ်သလောက် မှတ်သလောက်ဆဲ၊ လူက အငြိမ်မနေ၊ ခေါင်းထဲမှာ ဆော့ဘို့ပဲ အမြဲတွေး။ စားဘို့သောက်ဘို့ သတိမရ။းD မှတ်မိသလောက်ဆို ငယ်ငယ်က ကျနော်အိမ်က အရမ်းအဆင်ပြေတယ်။ ရွှေမရှား ငွေမရှား။ လိုချင်တာဆို နေ့မကူး ရပီးသားပဲ။  လိုချင်တာရပီးသားဆိုလို့ ကျနော်မှတ်မိတာ တခုရှိတယ်။း) ငယ်ငယ်က leather ဘွတ်ဖိနပ် အရမ်းလိုချင်လို အိမ်ကိုပူစာကော။ အဲဒါနဲ့ နောက်နေ့လဲကျရော ရရောဆိုပါတော့။ ကျနော်အသက် ၆/၇ နှစ်လောက်ပဲရှိမယ်။ ငယ်ငယ်တဲက ပဲများချင်တာ။းP အဲဒိဖိနပ်လေးကို ကြိုက်လွန်းလို့ စီးတောင်မစီးရက်ဘူး။ အဲဒါနဲ့ မစီးရက်လို သိမ်းထားပါရော။ စီးမယ်ဆိုပြီး ထုတ်စီးတော့ဖိနပ်က သေးသေးလေး။း( ဘယ်နှနှစ်ကြာပြီလဲဆိုတာ စဉ်းစားသာကြည့်တော့။ဒါပင်မဲ့ အကောင်းဘက်ကပဲ စဉ်းစားလိုက်ပါတယ်။ ငါတော်တော် စည်းကမ်းရှိတာပဲလို့။းP ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာလေ။
        ကျနော်ငယ်ငယ်က အဖော်အရမ်းမင်တာ။ ဘာလို့လဲဆိုတော့ ကျနော့အကိုနဲ့အမနဲ့က ကျနော်နဲ့ အသက်ကွာတယ်လေ။ သူတို့က ကျနော်နဲ့ မဆော့ချင်ဘူးပေါ့။အဲဒီတော့ ကျနော်ကတယောက်တဲ။ လူကြီးတွေက အပြင်ထွက်ဆော့တာလဲ မကြိုက်တော့ အဖော်မဲ့တာ မဆန်းဘူးလေ။ ကျနော့အမ သူသူငယ်ချင်းတွေနဲ့ဆော့ရင် အတင်းဝင်ဆော့၊ မပါခိုင်းရင် ငို။းD ပြီးရင် အမရဲ့သူငယ်ချင်းချောချောလေးတွေကို လိုက်ငမ်း၊ အဟဲ ဟုတ်နေတာပဲ။းP ငယ်ငယ်တဲက ဇနဲ့လေ။ပြီးရင် အမဲဆို လုံးဝမကြိုက်။ အဝတ်အစားကို မဟုတ်ဘူး။ အစားအစာတို့ အသားအရေတို့။ ထမင်းထဲမှာ အမဲပါရင် မစားတော့ဘူး။ ရွံတတ်တာလဲ နှယောက်မရှိ။ အားလဲမနာတတ်။ ဟုတ်နေတာပဲ။မှတ်မိသေးတယ်၊ အဖိုးတဝမ်းကွဲ တယောက်ရဲ့ရွာကို သွားလည်တော့ သင်္ဘောစီးသွားရတယ်။ အဲဒီခေတ်က သင်္ဘောဆိုတော့ လူတွေကများ သင်္ဘောကစုတ်ပြတ်နေရော။ အဲဒီမှာ ဘေးကလူတယောက်က နေမကောင်းပဲလှဲနေရော၊ အနာကလဲရှိတယ်။ အနာကြီးရောဂါသည်တော့ မဟုတ်ဘူး ထင်တာပဲ။ ဘယ်လောက်ဆိုးလဲဆို အသံပြဲကြီးနဲ့ ညစ်ပတ်တယ် ညစ်ပတ်တယ် ငါအိပ်နိုင်ဘူးဆိုပြီး ထအော်တာ။ ဟီ ဟီ အဖိုးတို့ အဖွားတို့ဆိုတာ အားနာလို့။ ကျနော်ကို သင်္ဘောရဲ့တခြား အပိုင်းခေါ်သွားပီး သိပ်ရတယ်။းP
        အဲဒါနဲ့ ရွာရောက်ရောဆိုပါတော့။ ရွာနံမယ် မှတ်မိသေးတယ်။ တပင်ချောင်းရွာ တဲ့။ တော်တော် ခေါင်တယ်။ မြောင်းမြကနေ လှေနဲ့သွားရတယ်။ လှည်းလမ်းတောင် မရှိဘူး။ ခုတော့ ဘယ်နဲ့နေလဲ မသိဘူး။ ရွာမှာ စားစရာကလဲ ရှားပ။ အသားဟင်းဆိုတာ နပ်မမှန်ဘူး။ ငယ်ငယ်က ကြီးကျယ်တော့ ပိုဆိုး။ ( ခုတော့ မကြီးကျယ်ဘူး ထင်တာပဲ။ ဟဲဟဲ ) ကိုယ့်ဟာကိုယ် ထင်တာပြောတာ။းD တရက်ကျတော့ အဖိုးနဲ့ ရွာထဲလျှောက်သွားတုံး ဝက်ကြီးတကောင်တွေ့ရော။ အဖိုးရဲ့ သူငယ်ချင်းက ကျနော် ရန်ကုန်က လာမှန်းသိတော့၊ ကျနော်ကလဲ ငယ်ငယ်ထဲက ချစ်စရာလေးဗျ။ ခုထိပဲ။ ဟီးဟီး ကြော်ငြာ ဝင်တာ။းP အဲဒါနဲ့ သူက ကောင်လေး မင်းဝက်သားစားချင်လား ငါဒီဝက်ကိုသတ်ပီး ကျွေးမယ်တဲ့။ ဝက်ကြီးကဗျာ ဝတုတ်ပီး လိမ်မာတာ ခွေးလိုပဲ။ ဟေ့ကောင် လာဆို၊ အနားလာပီး ဝပ်နေတာ။ ဘယ်စားရက်ပ မလဲဗျာ။ သနားလွန်းလို့။ ဒီဝက်ကြီး သတ်မှာလား၊ အဲဒါဆို မစားဘူး မစားဘူးဆိုပီး အော်ပီး လစ်တာပဲ။းD ဘဲ့နှယ်ဗျာ ဒီလောက်ချစ်ဘို့ကောင်းတဲ့ဝက်ကြီးကို သူမို့ပြောရက်တယ်။ ဟွင့် ရွှတ်ဘဲ့... (သနားလို့ ငိုရင်း ကျတဲ့ နှပ်းP)

( ကျနော် စာလုံးပေါင်းမှားရင် ခွင့်လွှတ်ကျပါ။ ကျနော် မြန်မာလိုမရေးတတ်လို့ Burglish Converter ကို အားကိုးနေရလို့ပါ။း) ရုံးကနေ ခိုးရေးနေရတဲ့ အတွက် များများမရေးနိုင်တာလဲ ခွင့်လွှတ်ကျပါ။ အပိုင်း(၁) ကို ဒီမှာပဲ ရပ်ခွင့်ပြုပါ။)

Friday, August 3, 2012

သိုးမည်းစာမျက်နှာ စတင်ခြင်း

        ကျနော်ဟာ သိုးမည်းပါ။ တခြား လူတွေလို ခံစားတတ်တယ်၊ ဝမ်းနည်းတတ်တယ်၊ ပျော်ရွှင်တတ်တယ်၊ နာကျည်းတတ်တယ်။ ဒါပေမဲ့ ကျနော်ဟာ ဘာလို့ သိုးမည်းတကောင်ဖြစ်နေရတာလဲ? လူတွေက သတ်မှတ်တာလား ကိုယ်ဟာကိုယ် ခံစားမိတာလား မဝေခွဲတတ်တော့၊ ခံစားမိတာတွေကို ဖွင့်ဟဖို့ ဒီ blog လေး ကိုရေးမိတော့တာပါပဲ။
        Overtine တွေရှိမယ်၊ Milo တွေဖျော်မယ်၊ အမြင်တွေ မတူတာရှိမယ်၊ ခံစားချက်တွေ တူတာရှိမယ်၊ ဖြစ်လေ့ရှိတဲ့ လူ့လောကအတိုင်း လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိပါတယ်။
        ကျနော် ကြုံတွေ့ရတဲ့ လူ့လောကပတ်ဝန်းကျင်အကြောင်း ရေးမှာမို့ စာဖတ်တဲ့ သူငယ်ချင်းတွေကို တခုခု မပေးနိုင်ရင်တောင် အပျင်းပြေဆေးလေးတော့ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။